အာဏာသိမ်းပြီးတစ်နှစ်အကြာ
အလုပ်မရှိတဲ့နေ့ရက်တွေရဲ့ မနက်ခင်းတွေဆိုရင် ဝီရိယနဲ့စောစောထလို့ လက်ဖက်ရည်ဆိုင်မှာဆုံ၊ မင်းအဆင်ပြေရင် ငါ့လည်းခေါ်ပါဦးလို့ မျက်နှာကိုဟိုးအောက်ဆုံးထိချလို့ သိပ်မခင်တဲ့သူငယ်ချင်း၊ လက်အောက်ငယ်သားပါမကျန် စကားမရှိ စကားရှာလို့၊ အပူရုပ်ကိုလည်း ဟန်မလုပ်အားပဲ ခေါ်မယ့်သူတွေများရှိရင်…မလိုလဲ လိုလဲ အိမ်မှာပြင်ထားခဲ့တဲ့ ထမင်းထုတ်ကလေးကို အိမ်ပြန်ယူလို့ သူငယ်ချင်းနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ရတဲ့ မနက်ခင်းပေါင်းလည်း မနည်းတော့ပါဘူး။