မြန်မာပြည်မှ Postcardsများ

ပို့စကဒ်လေးတွေ ပို့ကြတယ် ဖန်တီးကြတယ်ဆိုတာ နေရာဒေသ တခုရဲ့ လှပသာယာ ကြည်နူးစာရာကောင်းမှုကို အမွန်းတင်ကြခြင်း တမျိုးပါပဲ။
ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံကနေ ပို့စကဒ်လေးတွေ ပို့ရတော့မယ်ဆို ဘယ်လိုများ အမွန်းတင်ဖို့ ဖြစ်နိုင်ပါ့မလဲ?
မျက်ရည်တွေနဲ့ မျက်နှာသစ်နေရတဲ့ နေရာက ပို့စကဒ်လေးတွေဟာ ဘယ်မှာ ကြည်လင်လှပနေနိုင်ပါ့မလဲ?