စစ်တပ်ဖိနှိပ်မှုနှင့် ကရင်နီပြည်နယ်ရှိ ခုခံတော်လှန်ရေးအဖွဲ့များ

ယခု ကရင်နီပြည်နယ်ဟုခေါ်သည့် ကယားပြည်နယ်သည် ခုခံတော်လှန်ရေး လှုပ်ရှားမှုအများဆုံးဒေသတခုဖြစ်ပြီး တိမ်းရှောင်လာသည့် တော်လှန်ရေးသမားများည်း တဖြည်းဖြည်းပိုများလာပါသည်။ ကရင်နီပြည်နယ်သည် ရှည်လျားသည့်တော်လှန်ရေးသမိုင်းရှိပြီး လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ကြီး ၂ ဖွဲ့ရှိသောကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအင်န်ဒီအက်ဖ်) ကဲ့သို့သော လူငယ်တော်လှန်ရေးသမားအဖွဲ့များ သင်တန်းဆင်းခိုလှုံရာနေရာနှင့် ပြည်နယ်ကိုထိန်းချုပ်နိုင်ရေး စစ်တပ်နှင့် တိုက်ပွဲဖော်ဆောင်ရာ ဒေသဖြစ်သောကြောင့် ထင်ရှားသည့်တော်လှန်ရေး ဒေသတခုလည်း ဖြစ်ပါသည်။ ကေအင်န်ဒီအက်ဖ်အဖွဲ့သည် ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှ ပီဒီအက်ဖ်တပ်ဖွဲ့များနှင့် အခြားသောအဖွဲ့ငယ်များ ပေါင်းစပ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ ကေအင်န်ဒီအက်ဖ်သည် လက်နက်ကိုင်တပ်ဖွဲ့များအား ဖယ်ဒရယ်စနစ်နဲ့အညီ ဒီမိုကရေစီထိန်းချုပ်မှုအောက် ရှိစေရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးမူဝါဒ (၇) ချက်ကို လိုက်နာသည့်အဖွဲ့လည်း ဖြစ်ပါသည်။

စိတ်ကူးထဲက နိုင်ငံတော်အတွက် မိမိကိုယ်ကို မြှုပ်နှံတော့မယ်ဆိုရင်

ရန်ကုန်ကို လွမ်းလာတဲ့အခါဆိုရင်တော့ စိတ်ကူးနဲ့ ပြန်လျှောက်သွားကြည့်ပါတယ်။ လမ်းထောင့်မှာ ဖြန့်ခင်းထားတဲ့ စာအုပ်အဟောင်းတွေကို တစ်အုပ်ပြီးတစ်အုပ်လျှောက်ကိုင်ကြည့်တယ်။ ဂျက်လေယာဉ်သံကြားတဲ့အခါတော့ စိတ်ကူးထဲက ပြေးထွက်ပေါ့။

တက္ကသိုလ်မြေမှ စွန့်ခွာခြင်း

CDM ပါဝင်ကာ စာသင်ကြားမှု မပြုလုပ်ခြင်းကို နောင်တမရသည့်အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တောတောင်များ၊ ကျေးလက်ဒေသများနှင့် တားမြစ်ပိတ်ပင်မှုများမှ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေသော သူငယ်ချင်းများနှင့်အတူ တသားတည်းရှိနေသည်ဟုပင် ခံစားရပါသည်။ နောင်တတရားများမခံစားရဘဲ ဤတော်လှန်ရေးတွင် ကျွန်တော်တတ်နိုင်သည့်နည်းလမ်းများဖြင့် ပါဝင်လျက်ရှိနေပါသည်။

အမှန်တရားဖက်မှ ရပ်တည်ခြင်း

ဤဇာတ်လမ်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် Civil Disobedient Movementတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံမှ ဝန်ထမ်းနှစ်ဦးအကြောင်းဖြဟ်ပါသည်။ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် အဆုံးသတ်ရန်အတွက် ၄င်းတို့၏ ခံနိုင်ရည်ရှိမှုနှင့် မယိုင်လဲသော ဆန္ဒတို့ဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရင်း နွေဦးတော်လှန်ရေးအား ဆက်လက်ထောက်ခံအားပေးလျှက်ရှိသည်ကို မီးမောင်းထိုးပြထားသည်။

Three Days in Yangon in 2023, Three Years after the Military Coup

The whole trip was filled with things that cannot be seen or heard in another part of the world. Although I prepared my mind before I went, seeing the suffering of people still made me feel guilty for not being able to contribute a lot to the fighting against the military dictatorship. However, listening to Myanmar people’s spirit and determination makes me believe more that we, Myanmar people, will get back the taste of democracy we are hungry for.

စစ်အာဏာသိမ်းမှုအောက်က ပညာရေး

အရင်သင်ကြားလေ့လာခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ဟာဆိုရင် စစ်တပ်က သူတို့ပြောသမျှ အဆင်ပြေ အရာရောက်ဖို့အတွက် စနစ်တကျ ရေးဆွဲထားတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းလမ်းများနှင့် သွေဖီနေခြင်း၊ ဖြစ်ရပ်မှန်များနှင့်ကွဲလွဲနေခြင်း၊ ခွဲခြားဆက်ဆံမှုများ စသည့်အကြောင်းအရင်းခံများကြောင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပညာ‌‌ရေးကို သပိတ်မှောက်ရခြင်း နောက်တစ်ခုကတော့ စစ်အာဏာရှင်တွေဟာ ထောင်ပေါင်းများစွာသော ကျောင်းသား/သူ တွေကို သတ်ခဲ့တဲ့အပြင် အခုဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ဗျူရိုကရေစီ ယန္တရားကြီး လည်ပတ်ဖို့အတွက် အခြေခံပညာကျောင်းတွေ၊ အဆင့်မြင့်တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်စေခဲ့ပါတယ်။ ကျွန်တော်ကတော့ သွေးစွန်းထားတဲ့လက်တွေနဲ့ တံခါးဖွင့်ကြိုဆိုနေတဲ့ ကျောင်းတွေကို ပြန်လည်တက်ရောက်မှာမဟုတ်ပါဘူး။

မျှော်လင့်ချက်ဖြင့် အသက်ရှင်ခြင်း

ဖုန်းမြည်သံကြောင့် အိပ်ယာမှ အလူးအလဲကုန်းထလိုက်တယ်။ မှောင်မဲနေ၍ ဘာမှ မမြင်ရ။ မီးပျက် နေပါလား။ စမ်းတဝါးဝါးနှင့် ဖုန်းကို စမ်း၍ မီးဖွင့်ကြည့်လိုက်တော့ မနက် (၅) နာရီထိုးပြီ။

ပျောက်ဆုံးသွားသော အိပ်မက်

အခုအချိန်မှာ ကျွန်မလည်း အားနာစိတ်၊ မလုံခြုံမှု၊ ဆုံးရှုံးမှု၊ ခံစားချက်ကင်းမဲ့မှု၊ စိတ်ဓါတ်ကျခြင်း၊ အကောင်းဘက်ကိုတွေးဖို့ ခက်ခဲခြင်းစတဲ့ ခံစားချက်တွေနဲ့အတူ အလိုမကျ စိတ်ပင်ပန်းရပါတယ်။ ကျွန်မကံကောင်းတာ တစ်ခုက ကျွန်မလုပ်သမျှအရာတွေကို ထောက်ခံအားပေးနေတဲ့ မိသားစု ရှိနေတာပါပဲ။ ကျွန်မ မိဘတွေက ကျွန်မကို အတင်းဖိအားပေးပီး ကျွန်မ မလုပ်ချင်တာကို မလုပ်ဆောင်စေပါဘူး။ အထူးသဖြင့် စစ်အာဏာရှင်အောက် ဆက်လက်ပညာသင်ယူဖို့ ဖိအားမပေးခြင်းပါပဲ။

ကျွန်တော်လေးစားရသော သူရဲကောင်းအဖေ

ကျွန်တော့်အဖေသည် စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့သည့်အပြင် စစ်အာဏာသိမ်းချိန်မှစ၍ ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲများတွင် ပါဝင်ဆန္ဒပြခဲ့ပါသည်။ ကျွန်တော့်အဖေသည်လည်း အများနည်းတူ ဒီမိုကရေစီ ရရှိရန် လုပ်ဆောင်ခဲ့သော်လည်းပဲ လမ်းခုလတ်မှာပင် ကျဆုံးခဲ့ကြသူများထဲမှ တစ်ယောက်ဖြစ်သွားခဲ့ပါသည်။ ကျွန်တော့်အဖေလုပ်ဆောင်ခဲ့သည်များကို ပြန်မြင်ယောင်၊ ပြန်တွေးကြည့်သောအခါ အဖေသည် ကျွန်တော့အတွက်တော့ အတုယူဖွယ် လေးစားဖွယ်ကောင်းသော သူရဲကောင်းကြီး တစ်ယောက်ပဲ ဖြစ်ပါတော့သည်။

မေ့မရနိုင်မည့် ခရစ်စမတ်အကြိုည

ကျမ အားအကိုးရဆုံး သားလတ်လေးက ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ဒေသခံအရပ်သား၃၅ ယောက်ကို အစုလိုက် အပြုံလိုက် ကားပေါ်တင်ပြီး အရှင်လတ်လတ် မီးရှို့ခံရတဲ့အထဲမှာ ပါသွားခဲ့ပါတယ်။