ပျောက်ဆုံးသွားသော အိပ်မက်

အခုအချိန်မှာ ကျွန်မလည်း အားနာစိတ်၊ မလုံခြုံမှု၊ ဆုံးရှုံးမှု၊ ခံစားချက်ကင်းမဲ့မှု၊ စိတ်ဓါတ်ကျခြင်း၊ အကောင်းဘက်ကိုတွေးဖို့ ခက်ခဲခြင်းစတဲ့ ခံစားချက်တွေနဲ့အတူ အလိုမကျ စိတ်ပင်ပန်းရပါတယ်။ ကျွန်မကံကောင်းတာ တစ်ခုက ကျွန်မလုပ်သမျှအရာတွေကို ထောက်ခံအားပေးနေတဲ့ မိသားစု ရှိနေတာပါပဲ။ ကျွန်မ မိဘတွေက ကျွန်မကို အတင်းဖိအားပေးပီး ကျွန်မ မလုပ်ချင်တာကို မလုပ်ဆောင်စေပါဘူး။ အထူးသဖြင့် စစ်အာဏာရှင်အောက် ဆက်လက်ပညာသင်ယူဖို့ ဖိအားမပေးခြင်းပါပဲ။