ကျွန်တော်လေးစားရသော သူရဲကောင်းအဖေ

ကျွန်တော့်အဖေသည် စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့သည့်အပြင် စစ်အာဏာသိမ်းချိန်မှစ၍ ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲများတွင် ပါဝင်ဆန္ဒပြခဲ့ပါသည်။ ကျွန်တော့်အဖေသည်လည်း အများနည်းတူ ဒီမိုကရေစီ ရရှိရန် လုပ်ဆောင်ခဲ့သော်လည်းပဲ လမ်းခုလတ်မှာပင် ကျဆုံးခဲ့ကြသူများထဲမှ တစ်ယောက်ဖြစ်သွားခဲ့ပါသည်။ ကျွန်တော့်အဖေလုပ်ဆောင်ခဲ့သည်များကို ပြန်မြင်ယောင်၊ ပြန်တွေးကြည့်သောအခါ အဖေသည် ကျွန်တော့အတွက်တော့ အတုယူဖွယ် လေးစားဖွယ်ကောင်းသော သူရဲကောင်းကြီး တစ်ယောက်ပဲ ဖြစ်ပါတော့သည်။