ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာလုပ်ငန်းတို့အပေါ် ရွှေ့ပြောင်းလုပ်သား တစ်ယောက်၏ အမြင်ကို ဓါတ်ပုံများနှင့် တင်ပြရန်ဖိတ်ခေါ်ခြင်း
ယခု ဖိတ်ခေါ်မှုသည် ထိုင်းနိုင်ငံ၏ ပင်လယ်စာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းတို့တွင် လုပ်ကိုင်လျှက်ရှိသည့် မြန်မာ၊ကမ္ဘောဒီးယား နှင့်လာအိုနိုင်ငံတို့မှ ရွှေ.ပြောင်းလုပ်သားများနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများမှ လာရောက်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်းလုပ်သားများကို အဓိက ရည်ရွယ်ခြင်းဖြစ်ပါသည်။ လေ့လာသူများနှင့် ကျွမ်းကျင်ပညာရှင်များက ပင်လယ်စာထုတ်လုပ်ငန်းနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများသည် ခေါင်းပုံဖြတ်ခံရသော လုပ်ငန်းခွင်အခြေအနေများ၊ ခွဲခြားဆက်ဆံခံရခြင်းများကဲ့သို့သော အခက်အခဲများကို ရင်ဆိုင်နေကြရသည်ဟု တင်ပြပြောဆိုလေ့ရှိကြပါသည်။ သို့သော်လည်း အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းရသည့်အခါ ကြုံတွေ့ရပုံများနှင့် ဖြေရှင်းနည်းများကို ရွှေ့ပြောင်းလုပ်သားများ ကိုယ်တိုင် တင်ပြမှုများကိုတော့ တွေ့ရခဲလှပါသည်။
ယခုစီမံကိန်းကို ဉရောပ သမဂ္ဂမှ ငွေကြေးထောက်ပံ့ထားသော the International Labour Organization (ILO) မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Ship to Shore Rights South East Asia အစိတ်အပိုင်းတစ်ခုအဖြစ်နှင့် SEAJunctionမှ ဦးဆောင်၍ ရွှေ့ပြောင်းလုပ်သားများ၏ နေ့စဉ်ဖြတ်သန်းနေရသော လူမှုဘဝများနှင့် လုပ်ငန်းခွင်များအကြောင်းကို ရွှေ့ပြောင်းလုပ်သားများ၏ အမြင်ကို အခြားသူများ သိမြင်ခံစားနိုင်စေရန်အလို့ငှာ တင်ပြနိုင်ရန်အတွက် platformတစ်ခု ထူထောင်ပေးခြင်းဖြစ်ပါသည်။ ရွှေ့ပြောင်းလုပ်သားများ၏ အတွေ့အကြုံများနှင့် မျှော်မှန်းချက်များအား ကျယ်ကျယ်ပြန့်ပြန့် နားလည်မှုမရှိဘဲ လူတိုင်း၏ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးသည့် အားလုံးပါဝင်ပြီး ပိုမိုမျှတသော လူ့အဖွဲ့အစည်းကို ဖန်တီးရန်ဆိုသည်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေလိမ့်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ တင်ပြခြင်းအားဖြင့် ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ အားလုံးမှ ရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြသနာများကို ဖြေရှင်းရန်အတွက် မူဝါဒများ ရေးဆွဲသည့်အခါ အခြေခံလိုအပ်ချက်များကို ပါဝင်နိုင်စေရန်အတွက် အထောက်အကူ တစ်ခုဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ထိုင်းနိုင်ငံ၏ ပင်လယ်စာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများ (ကျား ၊မ ၊ လူမျိုးမရွေး) အနေဖြင့် မိမိတို့၏ လုပ်ငန်းခွင်၊ နေ့စဉ်ဘဝလှုပ်ရှားမှုများ၊အခက်အခဲများ၊ မိမိပတ်ဝန်းကျင်ရှိ အခြားသောသူများနှင့် ဆက်ဆံပုံများ၊မိမိတို့ မူရင်းနိုင်ငံများနှင့် ဆက်စပ်နေမှုများ( ထိုင်းနိုင်ငံသို့ (အလုပ်လုပ်ကိုင်ရန် မထွက်ခွာမီ၊ အလုပ်လုပ်နေစဉ်၊ အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိချိန်)ကို ကင်မရာ သို့မဟုတ် မိုဘိုင်းဖုန်းများဖြင့် မှတ်တမ်းတင်ရိုက်ကူးပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။ ရိုက်ကူးမှတ်တမ်းတင်ရာတွင် လုပ်ငန်းခွင် မသွားမီ၊ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေစဉ်နှင့် လုပ်ငန်းခွင်ပြီး အိမ်ပြန်ချိန်များအားလည်း ရိုက်ကူးဖို့ လိုအပ်ပါသည်။ ထို့အပြင် မိမိတို့လုပ်ငန်းခွင်များအပြင် မိမိတို့၏ဘဝနေထိုင်မှုများကို ရိုက်ကူးပေးပို့ရာတွင် ထိုင်းဘာသာ (သို့မဟုတ်) ၊ အဂ်လိပ်ဘာသာ (သို့မဟုတ်) မိမိတို့၏ မိခင်ဘာသာစကားများ ဖြင့် ဓါတ်ပုံများအကြောင်း(ဘယ်အချိန်ရိုက်ခဲ့သလဲ၊ဘာကိုရည်ညွှန်းချင်တာလဲ၊အနာဂတ်မှာ ဘာဖြစ်စေချင်လဲ) ကို စာတိုလေးများဖြင့် ရေးသားပေးပို့စေလိုပါသည်။
မိမိတို့ ရိုက်ကူးမှတ်တမ်းတင်ထားသော ဘဝနေထိုင်မှုပုံရိပ်များကို မျှဝေရန် အဆင်သင့်ဖြစ်ပြီဆိုပါက info@seajunction.org သို့မဟုတ် SEAJunction ၏ အခြားသောလူမှုကွန်ယက် ပလက်ဖောင်းများဖြစ်သည့် facebook, Instagram and twitterတို့တွင် ဆက်သွယ်ပေးပို့နိုင်ပါသည်။ ပေးပို့ရာတွင် အနည်းဆုံး ဓါတ်ပုံ (၁၀) ပုံ ပေးပို့ရန် လိုအပ်ပါသည်။
မှတ်တမ်းဓါတ်ပုံများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်ထိ လက်ခံပေးသွားမည်ဖြစ်ပြီး ရိုက်ကူးပေးပို့သူအားလုံးအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်သွားမည်ဖြစ်ပါသည်။ ရွေးချယ်ခံရပါက ပြပွဲပြုလုပ်သည့်အခါ ထည့်သွင်းပြသသွားမည်ဖြစ်သည့်အပြင် ချီးမြှင့်ငွေများလဲ လက်ခံရရှိမည်ဖြစ်ပါသည်။ ထို့အပြင် ရွေးချယ်ခံရသော ဓါတ်ပုံများကို SEAJunction၏ websiteတွင် ရိုက်ကူးပေးပို့သူ၏ အမည်ရင်း(သို့မဟုတ်)ကလောင်နာမည်တို့နှင့်တွဲ၍ မှတ်တမ်း တင်သွားမည် ဖြစ်ပါသည်
ဖြစ်မြောက်ရေး စီစဉ်ပံ့ပိုးသူများ
SEA Junction သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြောင်းကို လေ့လာရန်နှင့် အနုပညာလက်ရာများ၊ လူနေမှုပုံစံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည်တို့ကို ဖော်ထုတ်၍ မတူညီသော လူမှုအသိုက်အ၀န်း ယဉ်ကျေးမှုများကို မျှဝေရန် တည်ထောင်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများကို စိတ်ဝင်စားသူများ၊ ကျောင်းသားများနှင့် ဒေသတွင်းလက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူများ အတွက် အာဆီယံနှင့်ဆိုင်သော ဗဟုသုတများကို သိရှိနားလည်နိုင်ရန် လက်ခံတွေ့ဆုံ မျှဝေပေးလျှက်ရှိပါသည်။ SEA Junction ရုံးကို Bangkok Art and Culture Center (BACC)၏ စတုတ္ထထပ် (MBK shopping Mall မျက်နှာချင်းဆိုင်) တွင် ဖွင့်လှစ်ထားရှိပါသည်။ SEA Junction အကြောင်းပိုမို သိရှိလိုပါက SEA Junction website (http://seajunction.org/)တွင် ဝင်ရောက်ကြည့်ရှုနိုင်သကဲ့သို့ Facebook, Twitter, Instagram တို့တွင်လည်း follow လုပ်ထားနိုင်ပါသည်။
Ship to Shore Rights South East Asia သည် the European Union (EU) နှင့် the United Nations (UN) ကမကထပြု၍ International Labour Organization (ILO)၊ International Organization for Migration (IOM) နှင့် United Nations Development Programme (UNDP) တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသော နိုင်ငံပေါင်းစုံ စီမံကိန်းတစ်ခုဖြစ်ပါသည်။ ၎င်း၏ ပဓာန ရည်မှန်းချက်မှာ ပုံမှန်နှင့် ဘေးကင်းသော အလုပ်သမား ရွှေ့ပြောင်းနေထိုင်မှုကို မြှင့်တင်ရန်၊ အရှေ့တောင်အာရှရှိ ငါးဖမ်းခြင်းနှင့် ပင်လယ်စာ ပြုပြင်ခြင်း ကဏ္ဍများတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများအားလုံးအတွက် သင့်တော်လျှောက်ပတ်သော အလုပ်အကိုင်အဖြစ် မြှင့်တင်ရန်တို့ ဖြစ်သည်။ အသေးစိတ်ဖတ်ရှုလိုပါက https://shiptoshorerights.org/ သို့ ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
International Labour Organization (ILO) is ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်ပြီး နိုင်ငံတကာ အလုပ်သမားစံချိန်စံညွှန်းများနှင့်အညီ တရားမျှတသော လူမှုစီးပွားများအဖြစ် အဆင့်မြှင့်တင်ရန် လုပ်ဆောင်လျှက်ရှိသည်။ ILO အကြောင်း အသေးစိတ်သိရှိလိုပါက https://www.ilo.org/ သို့ ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။