အမည် | ကျွန်တော်လေးစားရသော သူရဲကောင်းအဖေ |
ရေးသားသူ | အမည် မဖော်လိုသူ |
ဖန်တီးသူ(ပန်းချီရေးဆွဲသူ) | KST Studio |
ရေးဆွဲသည့်ခုနှစ် | ဒီဇင်ဘာ ၂၀၂၂ |
ကျွန်တော်တို့ မိသားစု အကြောင်းပြောရမယ်ဆိုလျှင် ကျွန်တော်နဲ့ ကျွန်တော့်အဖေ နှစ်ယောက်တည်းသာရှိပါသည်။ ကျွန်တော်က ကွန်ပျူတာကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျွန်တော့်အဖေမှာ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်အဖေသည် ကျွန်တော်၏ စားဝတ်နေရေးအပြင် တက္ကသိုလ်ပညာရေးကိုပါ တစ်ဉီးတည်း တာဝန်ယူ ကျွေးမွေး ပြုစု စောင့်ရှောက်ခဲ့ပါသည်။ အဖေသည် စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့သည့်အပြင် စစ်အာဏာသိမ်းချိန်မှစ၍ ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲများတွင် ပါဝင်ဆန္ဒပြခဲ့ပါသည်။ စစ်သားများမှ ဆန္ဒပြတဲ့သူများအား အင်အားသုံးဖြိုခွင်းသောအခါ မတ်လ ၂၀၂၁ တွင် အဖေသည် သေနတ်ကျည်ထိမှန်ခဲ့ပါသည်။ ဆေးရုံတင်ခဲ့သော်လည်း ပြန်လည် မနိုးထလာခဲ့ပါ။ ကျွန်တော့်အဖေသည်လည်း အများနည်းတူ ဒီမိုကရေစီ ရရှိရန် လုပ်ဆောင်ခဲ့သော်လည်းပဲ လမ်းခုလတ်မှာပင် ကျဆုံးခဲ့ကြသူများထဲမှ တစ်ယောက်ဖြစ်သွားခဲ့ပါသည်။ကျွန်တော်သည်လည်း ကျွန်တော်နှင့်ကျွန်တော့်အဖေယုံကြည်ရာဖြစ်သော ဒီမိုကရေစီ ရရှိရေးအတွက် နိုင်ရာဝန်ထမ်းပြီး ဆက်လက်တိုက်ပွဲဝင်နေဆဲပဲဖြစ်ပါသည်။ ကျွန်တော့်အဖေလုပ်ဆောင်ခဲ့သည်များကို ပြန်မြင်ယောင်၊ ပြန်တွေးကြည့်သောအခါ အဖေသည် ကျွန်တော့အတွက်တော့ အတုယူဖွယ် လေးစားဖွယ်ကောင်းသော သူရဲကောင်းကြီး တစ်ယောက်ပဲ ဖြစ်ပါတော့သည်။
ဖြစ်မြောက်ရေး စီစဉ်ပံ့ပိုးသူများ
SEA Junction
SEA Junction သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြောင်းကို လေ့လာရန်နှင့် အနုပညာလက်ရာများ၊ လူနေမှုပုံစံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည်တို့ကို ဖော်ထုတ်၍ မတူညီသော လူမှုအသိုက်အ၀န်း ယဉ်ကျေးမှုများကို မျှဝေရန် တည်ထောင်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများကို စိတ်ဝင်စားသူများ ကျောင်းသားများနှင့် ဒေသတွင်းလက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူများ အတွက် အာဆီယံနှင့်ဆိုင်သော ဗဟုသုတများကို သိရှိနားလည်နိုင်ရန် လက်ခံတွေ့ဆုံ မျှဝေပေးလျှက်ရှိပါသည်။ SEA Junction ရုံးကို Bangkok Art and Culture Center (BACC)၏ စတုတ္ထထပ် (MBK shopping Mall မျက်နှာချင်းဆိုင်) တွင် ဖွင့်လှစ်ထားရှိပါသည်။ SEA Junction အကြောင်းပိုမို သိရှိလိုပါက SEA Junction website (http://seajunction.org/)တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်သော်လည်းကောင်း၊ Facebook, Twitter, Instagramတို့တွင်လည်း follow လုပ်ထားနိုင်ပါသည်။
Asia Justice and Rights (AJAR)
Asia Justic and Rights (AJAR)သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။အာရှ-ပစိဖိတ်ဒေသတွင် လူ့အခွင့်အရေးများကို အလေးထားအားကောင်းလာစေရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်း ဉပဒေမဲ့ပြစ်မှုကျူးလွန်ထားသော်လည်း တရားမဲ့ကင်းလွတ်ခွင့်ရနေသူများကို အပြစ်ပေးအရေးယူဆောင်ရွက်ပေးရေး ပါ၀င်ကူညီရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိလာစေရေး၊ တရားမျှတာမှုရရှိအောင်ဆောင်ရွက်မှု၊ ထပ်တလဲလဲကျူးလွန်ခြင်းများမှ ကာကွယ်ရန် ယဉ်ကျေးသော အသိုက်အ၀န်း တစ်ရပ်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ ယခင်က အခြေခံလူအခွင့်အရေးများကို ချိုးဖောက်ကျူးလွန်ပြီး ယခုအခါ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်နေသည့် နိုင်ငံများတွင် အဓိကထားလုပ် ဆောင်လျှက်ရှိသည်။ Asia Justic and Rights (AJAR) အကြောင်းပိုမို သိရှိလိုပါက https://asia-ajar.org/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။