အမည် | တက္ကသိုလ်မြေမှ စွန့်ခွာခြင်း
|
ရေးသားသူ | CDM ကျောင်းသား |
ရေးသားသည့်ခုနှစ် | ၂၀၂၂ |
ကျွန်တော်သည် အသက် 20 အရွယ် တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။
နိုင်ငံရေးအရ အရေးပါပြီး သမိုင်းကြောင်းရှည်လျားသော ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးအနေဖြင့် တက္ကသိုလ်ဒုတိယနှစ်မှစ၍ နိုင်ငံရေး ဟောပြောပွဲများတွင် စတင်ပါဝင်ခဲ့ပါသည်။သို့သော်လည်း ထိုသို့သော ဟောပြောချက်များကို ထိတွေ့ခွင့်ရလောက်အောင် ကံကောင်းသည့် ကျွန်တော်သည် သာမန်ပြည်သူများကဲ့သို့ပင် ကျွန်တော်တို့နိုင်ငံသည် (၂၀၁၅) ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးကတည်းက ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသွားပြီဟု တွေးထင်ခဲ့မိပါသည်။ပြည်သူများသည် ကျောင်းသားများအနေဖြင့် နိုင်ငံရေးမှာ မပါဝင်သင့်ဘူးလို့ ယူဆကြပါသည်။တကယ်တော့ အဲအချက်က မမှန်ပါဘူး။ငြိမ်းချမ်းရေးဆိုတာ မြို့ကြီးတွေမှာပဲ ရှိနေလို့ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုက်ပွဲတွေ သမိုင်းကြောင်းကို သိလာရသောအခါ ပို၍ပင် သဘောမတူနိုင်ပါ။
ကျွန်တော်ကျောင်းမတက်ဘဲ နေရသည့်အကြောင်းအရင်းသည် တောင်ပေါ်ဒေသနှင့် မြို့ကြီးများတွင် တိုက်ပွဲဝင်နေကြသည့် ရဲဘော်ရဲဘက်တွေကို ကိုယ်ချင်းစာမိ၍ဖြစ်ပါသည်။ တခြားသူများ စွန့်လွှတ်ရုန်းကန်နေချိန်တွင် ကျောင်းတက်မည်ဆိုပါက အပြစ်ရှိသလို ခံစားရမည်ဖြစ်ပါသည်။ SAC (အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရတွေ ဖွဲ့ထားတဲ့ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ) ၏ ပညာရေးသည် ကျွန်တော်တို့ကို ပညာတတ် တစ်ယောက် မဖြစ်စေဘူးဆိုတာ ကျွန်တော်ခံစားမိပါသည်။ သူတို့ကိုယ်သူတို့ တိုင်းပြည်၏တရားဝင်ခေါင်းဆောင်များဟု ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ဆောင်ခြင်းပင်ဖြစ်ပါသည်။
အချို့သော ကျောင်းသားများသည် ချမ်းသာသော မိသားစုများမှ လာကြပြီး သူတို့လိုအပ်လာလျှင် ငြိမ်းချမ်းစွာဖြင့် အွန်လိုင်းသင်တန်းများ တက်ရောက်နိုင်ပါသည်။ နိုင်ငံရပ်ခြားသို့သွား၍ သင်ယူလိုပါကလည်း သွားရောက်သင်ယူနိုင်ကြပါသည်။ တစ်ချိန်တည်းမှာပင် အချို့သူများသည် အင်တာနက်အသုံးပြုခွင့်ရရှိရန်ကိုပင် ရုန်းကန်နေကြရသည့်လူများလည်းရှိသည်။ အာဏာသိမ်းပြီးနောက် စစ်တပ်သည် ကုန်ကျစရိတ်သက်သာသည့် WiFi၊ဖိုက်ဘာအင်တာနက်နှင့် မိုဘိုင်းဒေတာ စျေးနှုန်းများကို တိုးမြှင့်လိုက်သည်။ လူတိုင်း စာတတ်မြောက်ရေး အရေးကြီးသော်လည်း စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနှင့် နေရာဒေသ အကြောင်းရင်းများကြောင့် လူတိုင်းလက်လှမ်းမမီနိုင်ပါ။ အင်တာနက်ရှိယုံဖြင့် အလွယ်တကူသင်ယူနိုင်တဲ့ အွန်လိုင်းပညာရေးသည်ပင် စျေးမပေါနေပါ။ ကျွန်တော် အဲအချက်ကို အမြဲ စိုးရိမ်ပူပန်လေ့ရှိပါတယ်။
ကျွန်တော်၏ အနာဂတ်ပညာရေးနှင့်ပတ်သက်၍ ကျွန်တော်အများကြီးမစဉ်းစားရသေးပါ။ ကွန်ပြူတာသိပ္ပံအထူးပြုကျောင်းသားတစ်ယောက်အနေဖြင့် Youtube ကဲ့သို့သော အင်တာနက်မှတစ်ဆင့် လေ့လာစရာများစွာကိုသင်ယူနိုင်ပါသည်။ အနာဂတ်ပညာရေးဆိုင်ရာ အယူအဆအချို့သည် ယခုအချိန်တွင် ကျွန်တော့်အား များစွာအနှောက်အယှက်မဖြစ်စေပါ။ ကျွန်တော်သည် အခွင့်ထူးခံရာထူးတစ်ယောက်လို ဖြစ်နေရသော်လည်း တခါတရံမှာ အပြစ်ရှိတယ်လို့ ခံစားမိပါသည်။
National Unity Government (NUG) မှ ပံ့ပိုးသည့် Spring University ကဲ့သို့သော ကြားကာလပညာရေး အကြောင်းများ ကြားဖူးသော်လည်း၊ အထက်ဖော်ပြပါ အကြောင်းပြချက်များကြောင့် ယခုအချိန်တွင် ကျွန်တော် အမှန်တကယ် လိုအပ်နေသည်ဟု မခံစားမိပါ။ CDM ပါဝင်ကာ စာသင်ကြားမှု မပြုလုပ်ခြင်းကို နောင်တမရသည့်အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တောတောင်များ၊ ကျေးလက်ဒေသများနှင့် တားမြစ်ပိတ်ပင်မှုများမှ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေသော သူငယ်ချင်းများနှင့်အတူ တသားတည်းရှိနေသည်ဟုပင် ခံစားရပါသည်။ နောင်တတရားများမခံစားရဘဲ ဤတော်လှန်ရေးတွင် ကျွန်တော်တတ်နိုင်သည့်နည်းလမ်းများဖြင့် ပါဝင်လျက်ရှိနေပါသည်။
ဖြစ်မြောက်ရေး စီစဉ်ပံ့ပိုးသူများ
SEA Junction
SEA Junction သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြောင်းကို လေ့လာရန်နှင့် အနုပညာလက်ရာများ၊ လူနေမှုပုံစံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည်တို့ကို ဖော်ထုတ်၍ မတူညီသော လူမှုအသိုက်အ၀န်း ယဉ်ကျေးမှုများကို မျှဝေရန် တည်ထောင်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများကို စိတ်ဝင်စားသူများ ကျောင်းသားများနှင့် ဒေသတွင်းလက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူများ အတွက် အာဆီယံနှင့်ဆိုင်သော ဗဟုသုတများကို သိရှိနားလည်နိုင်ရန် လက်ခံတွေ့ဆုံ မျှဝေပေးလျှက်ရှိပါသည်။ SEA Junction ရုံးကို Bangkok Art and Culture Center (BACC)၏ စတုတ္ထထပ် (MBK shopping Mall မျက်နှာချင်းဆိုင်) တွင် ဖွင့်လှစ်ထားရှိပါသည်။ SEA Junction အကြောင်းပိုမို သိရှိလိုပါက SEA Junction website (http://seajunction.org/)တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်သော်လည်းကောင်း၊ Facebook, Twitter, Instagramတို့တွင်လည်း follow လုပ်ထားနိုင်ပါသည်။
Asia Justice and Rights (AJAR)
Asia Justic and Rights (AJAR)သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။အာရှ-ပစိဖိတ်ဒေသတွင် လူ့အခွင့်အရေးများကို အလေးထားအားကောင်းလာစေရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်း ဉပဒေမဲ့ပြစ်မှုကျူးလွန်ထားသော်လည်း တရားမဲ့ကင်းလွတ်ခွင့်ရနေသူများကို အပြစ်ပေးအရေးယူဆောင်ရွက်ပေးရေး ပါ၀င်ကူညီရန် ရည်ရွယ်၍ တည်ထောင်ထားခြင်းဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိလာစေရေး၊ တရားမျှတာမှုရရှိအောင်ဆောင်ရွက်မှု၊ ထပ်တလဲလဲကျူးလွန်ခြင်းများမှ ကာကွယ်ရန် ယဉ်ကျေးသော အသိုက်အ၀န်း တစ်ရပ်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ ယခင်က အခြေခံလူအခွင့်အရေးများကို ချိုးဖောက်ကျူးလွန်ပြီး ယခုအခါ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်နေသည့် နိုင်ငံများတွင် အဓိကထားလုပ် ဆောင်လျှက်ရှိသည်။ Asia Justic and Rights (AJAR) အကြောင်းပိုမို သိရှိလိုပါက https://asia-ajar.org/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။